Wed, Sep 15 2021
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဉီးကျော်မိုးထွန်း (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပိတ်ပွဲ နှင့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဖွင့်ပွဲ အစည်းအဝေး များသို့ တက်ရောက် KTM စက်တင်ဘာ ၁၅ (၇၅)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပိတ်ပွဲအစည်းအဝေးကို ယနေ့၊ ၁၄-၉၂၀၂၁ ရက်နေ့၊ မွန်းလွဲ (၃)နာရီအချိန်၌ ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်း အဝေး ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် H.E. Mr. António Guterres မှ မိန့်ခွန်းပြောကြား ခဲ့ပြီး၊ (၇၅) ကြိမ်မြောက် အထွေထွေညီလာခံ၊ ဥက္ကဋ္ဌ ဖြစ်သူ H.E. Mr. Volkan Bozkir မှ နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ထို့နောက်၊ (၇၆)ကြိမ်မြောက်အထွေထွေညီလာခံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် ရန် ရွေးချယ်ခြင်း ခံထားရသည့် H.E. Mr. Abdulla Shahid မှ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ထို့နောက် (၇၆)ကြိမ်မြောက်၊ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေး ကို ဆက်လက်ကျင်းပခဲ့ရာ၊ အစည်းအဝေးကို (၇၆)ကြိမ်မြောက် အထွေထွေညီလာခံဥက္ကဋ္ဌ H.E. Mr. Abdulla Shahid မှ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက်၊ အထွေထွေညီလာခံ၏ အရည်အချင်းစစ် ကော်မတီ (Credentials Committee) အဖွဲ့ဝင်နိုင်ငံများကို ရွေးချယ်ခန့်အပ်ခဲ့သည်။ အရည်အချင်းစစ် ကော်မတီ တွင် အဖွဲ့ဝင်နိုင်ငံများအဖြစ် ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီရာလွန်၊ နမီးဘီးယား၊ ဆွီဒင်နှင့် အမေရိကန်ပြည်ထောင်စု တို့ပါဝင်သည်။ အဆိုပါ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပိတ်ပွဲအစည်းအဝေး နှင့် (၇၆) ကြိမ်မြောက်၊ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဖွင့်ပွဲ နှင့် ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးများသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း တက်ရောက်ခဲ့သည်။ စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့ ။ Ambassador Kyaw Moe Tun participates in the closing session of the 75th Session and opening session of the 76th Session of the United Nations General Assembly The closing session of the seventy-fifth United Nations General Assembly was held at General Assembly Hall of the United Nations at 3:00 p.m. on 14 September 2021. At the meeting, Secretary-General of the United Nations H.E. Mr. António Guterres gave a statement and President of the seventy-fifth UN General Assembly H.E. Mr. Volkan Bozkir also gave his farewell statement. Then, President-elect of the seventy-sixth session of the United Nations H.E. Mr. Abdulla Shahid took the oath of office. The 1st plenary meeting of the seventy-sixth session of the General Assembly was held following the closing of the seventy-fifth session. The 1st plenary meeting was opened by the President of the General Assembly H.E. Mr. Abdulla Shahid following the appointment of the members of the Credentials Committee. The 9 member Credentials Committee was formed consisting of the Bahamas, Bhutan, Chile, China, Russia, Sierra Leone, South Africa, Sweden and the United States. Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations participated in the closing session of the 75th United Nations General Assembly and the opening and first plenary meeting of the 76th Session of the United Nations General Assembly. 14 September 2021 Permanent Mission of Myanmar to the United Nations New York