Updated on Fri, Oct 1 2021
ကျွန်းလှမြို့  စုပေါင်းရုံးလက်ဖက်ရည်ဆိုင် ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးနှင့်အရပ်သားတစ်ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

KTM  အောက်တိုဘာ ၁

စစ်ကိုင်းတိုင်း ဒေသကြီး၊ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ မြို့လယ်ခေါင် စုပေါင်းရုံး လက်ဖက်ရည်ဆိုင်တွင် ယနေ့ နံနက် ၇ နာရီတွင် ဗုံးပေါက်ကွဲပြီး လက်ဖက်ရည်လာသောက်နေသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး၊ အရပ်သား တစ်ဦး သေဆုံးကြောင်း သိရှိရပါသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး လက်ရှိတွင် စစ်ကောင်စီတပ်များက မြို့ကို ပိတ်ဆို့၍ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရှိရပါသည်။

"ဗိုလ်မှူးက လက်ဖက်ရည်လာသောက်တဲ့အချိန် ဗုံးပေါက်တာ။ အရပ်သား ၁ ဦးလည်း သေတယ်လို့ သိရပါတယ်။ ၃ ဦးကတော့ ဒဏ်ရာရတယ်။ စုစုပေါင်း ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရပါတယ်။အခုတော့ စစ်ကောင်စီတပ်တွေ စစ်ဆေးမှုတွေ လုပ်နေပြီ" ဟု ဒေသခံတစ်ဦးက ပြောဆိုပါသည်။


< Back to Home