Updated on Wed, Sep 15 2021
တောင်ဒဂုံ မြို့ တွင် ရပ်ကွက် ၂ခု မှ အရပ်သား ၈ဦးအား စစ်ကောင်စီ မှ ဖမ်းစီး
KTM စက်တင်ဘာ ၁၅
တောင်ဒဂုံမြို့နယ် 18ရပ်ကွက်,နတ်မောက် ၆ လမ်း
သို့စစ်ကောင်စီ တပ်ဖွဲ့ဝင် များ ယနေ့မနက် ၉နာရီ ကျော်ခန့် က ရောက်ရှိလာပြီး နေအိမ်တခုအား ဝင်ရောက် စီးနှင်းခဲ့ရာ အမျိုးသား ၁ဦးအား ဖမ်းစီး
ခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။
ဖမ်းစီးခံရ သူဟာ ကိုရဲဝင်းနိုင် ဆိုသူဖြစ်ပြီး ယခင်က ဆေးမူ နှုင့် ထောင်ကျခဲ့ဖူးကြောင်း ၎င်းအနီး နေထိုင်သူများက ပြောကြပါသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင် များဟာ ၁၈ ရပ်ကွက်အတွင်း ရှာဖွေ ဖမ်းစီးမူ့များ ထပ်မန် ပြုလုပ်ခဲ့ပြီး ကိုရဲဝင်းနိုင် နှုင့် ပတ်သတ်ဖူးသူ ၂ဦးအား ထပ်မန်ဖမ်းစီး
ခေါ်ဆောင်သွားတယ်လို့ ပြောပါသည်။
အကြမ်းဖက် စစ်အုပ်စုဟာ ၁၈ ရပ်ကွက်အတွင်း သို့ လာရောက်ခြင်းဟာ လူ၅ဦးအား ဖမ်းစီးရန်ဖြစ်ပြီး ၃ဦးသာ ဖမ်းစီးရမိ့သွားတာဖြစ်ကြောင်းကို ခိုင်မာသော သတင်းကွန်ယက်တစ်ခုက ပြောပါသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဟာ ၁၈ ရက်ကွက်မှ ၂၅ ရပ်ကွက်သို့ ဦးတည် ထွက်ခွာသွားခဲ့ပြီး ၂၅ရပ်ကွက်,ဇီဇဝါ (၁)လမ်းအတွင်း မှ နေအိမ်တခုအား ထပ်မန် စီးနှင်း ဝင်ရောက်ခဲ့ရာ အမျိုးသား၅ဦးအား ထပ်မန် ဖမ်းစီး ရမိ့သွားခဲ့ပြီး စစ်ကားကြီး ၁စီး ပေါ်သို့ နောက်ပြန် လက်ထိပ်ခက်ကာ ခေါ်ဆောင်သွားတယ်လို့ မျက်မြင် တစ်ယောက်က ပြောဆိုပါသည်။
အကြမ်းဖက် စစ်တပ်မှ ယခု ဖြစ်စဉ်တွင် စစ်ကားကြီး ၁စီး,DC -1စီး နှုင့် အိမ်စီးကား ၂စီးအား အသုံးပြုခဲ့ကြောင်း သိ့ရှိရပါသည်
ယခု ဖမ်းစီးခံရသူများ ဟာ ရဲမှတ်တမ်း တွင် ပါဝင်ဖူးသူ တဦး နှုင့် ၎င်းအား ပတ်သတ် ဆက်နွယ်သူများအား အကြမ်းဖက် စစ်တပ်မှ ဖမ်းစီး ခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း နီးစပ်သူ တဦးမှ ဆိုပါတယ်..,အကြမ်းဖက် စစ်တပ်ဟာ ဖမ်းစီးခံရ သူများအား မသက်ဆိုင်သည့် ပုဒ်မ မျိုးစုံ တပ်၍ ဝါဒ ဖြန့်မည်ကို ဆိုးရိမ်မိ့ကြောင်း နီးစပ်သူများမှ ဆိုပါသည်။
18ရပ်ကွက်မှ ကိုမိုးသီးအား ယနေ့ညနေပိုင်းမှ စစ်အုပ်စုမှ မပြစ်မရှိတာကြောင့် ပြန်လွှတ်ပေးလိုက်ကြောင်း သိ့ရှိရပါသည်။