Updated on Wed, Sep 15 2021
လသာ တွင် စစ်ကောင်စီတွေ ဝင်စီးခဲရာ ၂၂ လမ်းမှ တစ်ဦးသေ ၂ ဒဏ်ရာရ ဖမ်းဆီးခံရပြီး လမ်းမတောလမ်း ဒေါ်သောင်းကျင်ဆိုင် မှ ၄ဦး ဖမ်းဆီးခံရ

KTM စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတွေ ယမန်နေ့ ည ၈ နာရီအချိန်က စတင်စီးနင်းခဲရာ ၂၂ လမ်းမှ တစ်ဦးသေ ၂ ဒဏ်ရာရ ဖမ်းဆီးခံရပြီး လမ်းမတောလမ်း ဒေါ်သောင်းကျင်ဆိုင် မှ ၄ဦး ဖမ်းဆီးခံရ ကြောင်း သတင်းရရှိပါသည်။

စမ်းချောင်းမြို့နယ် အမှတ် ၃၆ (၆လွှာ) မှ ဖမ်းဆီးခံရသူတို့ရဲ့ကွင်းဆက်အရ လာဖမ်းခဲရာ လသာ၂၂ လမ်း တိုက်တစ်ခု တွင် အနောက်အရေးပေါ်လှေခါးမှ ဆင်းပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးသဖြင့် ၃ဦးတွင်၂ဦး ဒဏ်ရာရရှိသွားပြီး တစ်ဦး သေဆုံးသွားတယ်လို့  တိုက်အနီး နေထိုင်သူ ဒေသခံများက ပြောကြပါသည်။

အဆိုပါ ဖမ်းဆီးပြီးနောက် လမ်းမတော်လမ်း ဒေါ်သောင်းကျင်ဆိုင် အပေါ်ထပ်တွင် ထပ်မံ ဝင်ရောက် ဖမ်းဆီးရာတွင် ၄ဦးကို ဖမ်းဆီးခဲပြီး
ပစ္စည်းအများအပြားသိမ်းဆည်းခဲ့ရမိသွားတယ်လို့ ဒေသခံ တစ်ဦးကပြာပါသည်။

သိမ်းည်း ရမိတဲ့ ပစ္စည်းများမှာ ဂုန်နီအိတ်နဲ့ အိတ် ၃အိတ်၊ ပလတ်စတစ်လေးထောင့်ပုံးနဲ၂ပုံး ဒ့အပြင် အခြာ ပစ္စည်းများလည်းပါတယ်လို သိရပါသည်။

ယခုပစ္စည်းနှင့်အတူ ဖမ်းဆီးခံလိုက်ရတဲ့ အဖွဲ့ဟာ စစ်ကြောရေးရောက်သွားခဲ့တဲ့ အဖွဲ့ရဲ့ ကွင်းဆက်ဖြစ်လို့ အဲဒီစစ်ကြောရေးရောက်နေတဲ့အဖွဲ့နဲ့ ထဲထဲဝင်ဝင် အလုပ်တွဲလုပ်ဖူးရင် ရှောင်ရှားထားဖို့လိုအပ်နေပါသည်။

လသာ ၁၉လမ်း အောက်လမ်းကိုပိတ်ထားပြီး  လသာ စဉ့်အိုးတန်းလမ်းထိပ်  ၁၉ လမ်းထိပ် ၊လမ်း၂၀ ထိပ်တွင် စစ်ကောင်စီများ ညလုံးပေါက် အများအပြားနေရာယူလျက် ရှိနေခဲပါသည်။

ယမန်နေ့ ည စတင်စီးနင်းရန် ပြင်ဆင်နေချိန်ကစပြီး KTM မှ အများပြည်သူ သတိထားစေရန် ကွင်းဆက်များ ရှောင်တိမ်းနိုင်အာင် တောက်လျှောက် တင်ပေးခဲပါတယ် သို့သော် အရာမထင်ဖြစ်သွားတာ များစွာ စိတ်မကောင်းဖြစ်မိပါသည်။

ဓာတ်ပုံစစ်ကောင်စီများ






   
< Back to Home