Updated on Tue, Oct 5 2021
မန္တလေးတိုင်း မီးရထား ဝန်ထမ်းအိမ်ယာများမှ CDM ဝန်ထမ်းများအား မောင်းထုတ်ဖယ်ရှားလိုက်ပြီး
KTM အောက်တိုဘာ ၅
မန္တလေးတိုင်း မီးရထား CDM ဝန်ထမ်းများကို စက္တင္ဘာ၂၇ နေက အပြီးမောင်းထုတ်ဖယ်ရှားလိုက်ပြီး အခန့်တွေကို သော့ခတ် ပိတ်ထားလိုက်ပြီလို့ သိရပါသည်။
အဆိုပါ မီးရထား CDM ဝန်ထမ်းတွေကို အိမ်ယာမှ မောင်းထုတ်လိုက်သည့်အပြင် မြစ်ငယ်၊ မြို့ဟောင်းတို့မှ အချို့ အလုပ်ပြန်ဆင်းနေသော ဝန်ထမ်းတွေကိုလည်း အလုပ်ဖြုတ်ပြီး ဝန်ထမ်းအိမ်ယာမှ မောင်းထုတ်လိုက်တယ်လို့ မြစ်ငယ် မီးရထားဝန်ထမ်း တစ်ဦးက KTM သို့ အတည်ပြု ပြောကြားလိုက်ပါသည်။