Updated on Fri, Sep 24 2021

ရေထွက်ကျေးရွာအုပ်စုတွင် ပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျနေသော စစ်ကောင်စီခန့်သည့် အုပ်ကြီး ဦးကြည်အောင်

KTM စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ရေထွက်ကျေးရွာအုပ်စုတွင် အကြမ်းဖက်စစ်ကောင်စီမှ ခန့်အပ်သော အုပ်ချုပ်ရေးမှူး ဒလံ ဦးကြည်အောင်သည် ခြောက်လုံးပြူးသေနတ်ကိုင်ဆောင်ပြီး ကျေးရွာအုပ်စုအတွင်း နေထိုင်သူပြည်သူများကို အနိုင်ကျင့်စော်ကားလျက်ရှိပါတယ်လို့ ဒေသခံ ပြည်သူအများအပြားက ပြောဆိုကြပါသည်။

စစ်ျကာင်စီတို့ကို အားကိုးအားထားပြီး ဒေသအတွင်း နေထိုင်သည့် ပြည်သူများကို ခြိမ်းခြောက်ခြင်း ငွေညှစ်ခြင်း စစ်ကောင်စီတွေကို ခေါ်ပြီး ပြည်သူများကို ဖမ်းဆီးခိုင်းခြင်း သောက်စားမူးယစ်ပြီး အများပြည်သူတို့ကို စိန်ခေါ်ခြင်းတို့ကို လုပ်ဆောင်နေသူဖြစ်တယ်လို့ သိရပါသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး ဦးကြည်အောင်သည် ခလရ ၄ အကြမ်းဖက် စစ်ကောင်စီစစ်တပ် ဝင်ထွက်ပေါက်အနီးတွင် အရက်ပုန်းဆိုင်ဖွင့်လစ်ရောင်းချလျက်ရှိကာ  ( ၁၈ - ၉ - ၂၀၂၁ ခု) နေ့၌ သူ့ဆိုင်တွင် အရက်သောက်နေသော လူငယ်တစ်ယောက်ကို မင်းအောင်လှိုင်အား မကောင်းကြောင်းပြော၍ စစ်ကောင်စီတပ်ကို တိုင်ကြားလိုက်ရာ စစ်ကောင်စီများရောက်ရှိလာပြီး အကြောင်းမဲ့ ရိုက်နှက် ထုထောင်းခဲတယ်လို့ ဒေသခံ ပြည်သူတစ်ဦးက KTM သို့ ပြောပါသည်။

၎င်းလူငယ်မှ သွားများပါ ကျွတ်သွားသည်အထိ ရိုက်နက်ပြီး ဖမ်းဆီးသွားတယ်လို့ ဆိုပါသည်။

ကျေးရွာ၊ ရပ်ကွက်အတွင်းရှိCDMများကိုလည်းခြိမ်းခြောက်ငွေညှစ်လျက်ရှိတယ်လို့ သိရပါသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် မတည့်သော သူများကို စစ်ကောင်စီထံ မကြာခဏသွားတိုင်ပြီး ရိုက်နှက်ဖမ်းဆီးလျက်ရှိနေတယ်လို့ ပြောဆိုပါသည်။

NLD ပါတီကို အားပေးထောက်ခံတဲ့ လူတွေကိုလည်း သေနတ်ပြ ခြိမ်းခြောက် ငွေညှစ်တာတွေ လုပ်ဆောင်နေကြောင်းလည်း သိရပါသည်။

< Back to Home