Updated on Sun, Oct 10 2021
လှိုင်မြို့မှ ငါးထောင်းစားနာမည်ကြီး ဒလန် မသေမချင်းပစ်သတ်ခံရ

KTM အာက်တိုဘာ ၁၀

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၁၁လမ်းနေ ငါးထောင်းစားဟုဆိုပြီး နာမည်ကြီးနေသော သတင်းပေး ဒလန် မသေမချင်းပစ်သတ်ခံရကြောင်း သိရပါသည်။

ဒီကနေ့ ညနေ ၆ နာရီ ၃၀ မ်နစ်ခန့်က ငါးထောင်စား စစ်ကောင်စီသတင်းပေး ဒလန်ဇေလတ် လှိုင်ရတနာမွန် ဈေးရှေ့တွင် မသေမချင်း ပစ်သတ်ခံလိုက်ရတယ်လို ဒေသခံ တစ်ဦးကပြောပါသည်။

အဆိုပါပစ်ခတ်ခံရသူသည် အာဏာသိမ်းစဉ်ကာလ ဆန္ဒပြပြည့်သူတစ်ဦးကို ဓါးဖြင့်ထိုးခဲ့တဲ့သူဖြစ်ကြောင်း သိရပါသည်။

စစ်ကောင်စီတပ်အားကိုးနှင့် ရပ်ကွက်နေပြည်သူများအား တိုင်ကြားခြင်း ဖမ်းဆီးခိုင်းခြင်းများလည်းပြုလုပ်သူဖြစ်တယ်၊ ဒီနေ့မှာတော့ လှိုင်ရတနာမွန်ဈေးအရှေ့တွင် မသေမချင်း သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခံလိုက်ရတယ်လို့ သိရပါသည်။





< Back to Home