Updated on Thu, Sep 16 2021
အင်တာနက် ဖြတ်တောက်ထားသည့် ကနီနယ် တစ်ဝိုက်ကို စစ်ကောင်စီမှ လေပေါ် ရေအောက် မြေပြန့် မကျန် အားလုံး ပိတ်ဆို့ထား
KTM စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းအတွင်းရှိ အင်တာနက်ဖြတ်တောက်ထားသည့် ကနီမြို့နယ်နှင့် မြို့နယ်တချို့တွင် စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အားနှင့် စစ်အင်အားများ ဖြည့်တင်းနေကြောင်း ဒေသခံများထံမှ သိရပါသည်။
ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ဘုတလင်၊ အရာတော်၊ ဝက်လက် မြို့နယ်များနှင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးမြို့နယ်များ၌ စစ်အင်အားတို့ကို အဆက်မတန် ပြုလှုပ်လျက်ရှိကြောင်း ဒေသခံ ပြည်သူ အများအပြားတို့က KTM သို့ သတင်းပေးပို့ထားပါသည်။
အဆိုပါ ျဒသများကို အကြမ်းဖက် လူသတ် စစ်ကောင်စီက ကြည်း ရေ လေ တို့ဖြင့် လေပေါ်ပေါ် ရေအောက် ျမြပြန့်များပါမကျန် လေးဘက် လေးလန် ပိတ်ဆို့ထားလိုက်ပါပြီဟု သိရပါသည်။
“ စစ်ဆင်ရေးတွေ လုပ်မယ်ဆိုရင် နှစ်ဘက်မကောင်းဘူးဖြစ်မှာပေါ့ဗျာ။ တကယ်လို့ သူတို့ဘက်က မတရားထိုးစစ်ဆင်တာတွေ လုပ်မယ်ဆိုရင်တော့ ဒေသခံတွေအနေနဲ့ လေးဂွလောက်နဲ့တော့ ပြန်ပစ်ရမှာပေါ့ဗျာ။ အခြေအနေတွေကတော့ အလားအလာမကောင်းဘူး ” ဟု ဒေသခံ တစ်ဦးက ပြောဆိုပါသည်။
ယင်းမာပင်ခရိုင်အတွင်း စစ်ဆင်ရေးလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး ယင်းမာပင်ခရိုင်၊ ရွှေတောင်ဦးကုန်းအနီးတွင် စက်တင်ဘာ ၁၆ရက် မွန်းလွဲပိုင်းအချိန်ကစပြီး တပ်ဖွဲ့အင်အား ၂၀၀ ခန့်နှင့် စစ်လက်နက်ပစ္စည်းများ ဖြည့်တင်းလိုက်ပြီ ချင်းတွင်း မြစ် အတွင်း၌ ရေယာဉ်များဖြင့် စစ်အင်အား ၃၀၀ ခန့် ဖြည့်တင်းထားပါတယ်လို့ ဆိုပါသည်။
လေပေါ်တွင် ရဟတ်ယာဉ်များလည်း အဆက်မပြတ် ပျံသန်းနေကာ မြေပြန့်များတွင် လက်နက် ကြီးတို့ဖြင့် ဒေသအနှံမှာ နေရာယူထားပါတယ် လို့ ဒေသခများက ပြောကြပါသည်။
ယင်းမာပင် မြို့မရဲစခန်းတွင်လည်း စစ်အင်အားနှင့်လက်နက်အင်အားများဖြည့်တင်းနေသဖြင့် ဒေသခံများက စိုးရိမ်နေကြပါတယ် ယင်းမာပင် ဒေသခံ တစ်ဦးက ပြောပါသည်။
ကနီမြို့ တွင်လည်း လူသတ်ပွဲ ကျင်ပမည် လို လူမှု ကွမ်ယက်တွင် ပျံ့နံှ့ နေပြီး တစ်မြို့ လုံးကို စစ်ကောင်စီတပ်က လေးဘက် လေးလံ ပိတ်ဆို့ ထားတဲ့အတွက် ဒေသခံ ပြည်သူများမှာ စိုးရိမ် ကြောက်လန့် နေရပါတယ် လို့ ကနီး ဒေသခံ တစ်ဦးက ပြောဆိုထားပါသည်။