Updated on Thu, Sep 16 2021
အိန္ဒိယ၊ လှောင်တလိုင်ခရိုင်တွင် စစ်ကောင်စီတပ်သားဟု ယူဆရသူနှစ်ဦး ဖမ်းမိ

KTM စက်တင်ဘာ ၁၆

မြန်မာနိုင်ငံ ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လှောင်တလိုင်ခရိုင်အတွင်း သေနတ် ၁ လက်နှင့်အတူ မြန်မာနိုင်ငံသားအမျိုးသား ၂ ဦးအား ဖမ်းဆီးမိကြောင်း အိန္ဒိယသတင်းဌာန northeast now တွင် ဖော်ပြပါသည်။

အဆိုပါ မြန်မာနိုင်ငံသား ၂ ဦးအား ယမန်နေ့ စက်တင်ဘာလ ၁၅ ရက် မီဇိုရမ်ပြည်နယ် တောင်ဘက်စွန်းရှိ အိန္ဒိယ-မြန်မာနယ်စပ်၊  ဇိုချာချူဝကျေးရွာအနီးတွင် အာသံတပ်ဖွဲ့နှင့် မီဇိုရမ်ရဲတပ်ဖွဲ့ လှည့်ကင်းများမှ ဖမ်းဆီးခဲ့တယ်ဟု ဖော်ပြထားပါသည်။

ဘောင်းဘီတိုများဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်သားများဟု ယူဆရသော မြန်မာ ၂ ဦးနှင့်အတူ ဖက်ဆစ်စစ်တပ်ထုတ် MA အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဆံတချို့နှင့်အတူ ဖုန်း ၁ လုံး ဖမ်းဆီးရမိကြောင်း သိရသည်။
< Back to Home