Updated on Wed, Sep 15 2021
မြိုင်မြို့နယ်၊ အေးချမ်းသာကျေးရွာကို စစ်ကောင်စီတပ်များ ဝင်စီး၊ ရွာသားတချို့ အသတ်ခံရပြီး ဖမ်းဆီးမှုများ ရှိသည့်အပြင် ကား၊ ဆိုင်ကယ်အပါအဝင် ပြည်သူပိုင်များကို မီးရှို့သွား
KTM စက်တင်ဘာ ၁၅
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အေးချမ်းသာ စံပြကျေးရွာကို စစ်ကောင်စီတပ်များက စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသားတချို့ အသတ်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းများ ရှိသည့်အပြင် ကား၊ ဆိုင်ကယ်အပါအဝင် ပြည်သူပိုင်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
မကွေးတိုင်း၊ မြိုင်မြို့နယ် ချောင်းဆုံကျေးရွာအုပ်စု အေးချမ်းသာ စံပြ ကျေးရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"ဖြစ်စဉ်ကတော့ မှန်တယ်။ အဲဒီရွာက ပုလဲမြို့နဲ့နီးတယ်။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း အစပ်နားမှာ ဖြစ်တာ။ ရွာသားတချို့ အသတ်ခံရတယ် ကြားတယ်။ အရေအတွက်ကိုတော့ အတည်မပြုနိုင်ဘူး။ အဖမ်းခံရတာတွေလည်းရှိတယ်" ဟု ဒေသခံတစ်ဦးက ပြောပါသည်။
လက်ရှိအချိန်အထိ အေးချမ်းသာ စံပြကျေးရွာမှာ ဒေသခံများ ထွက်ပြေးနေရဆဲဖြစ်ပြီး နေအိမ်များသို့ မပြန်ရဲသေးကြောင်း၊ စစ်ကောင်စီတပ်များသည် အနီးအနား ဝန်းကျင် ကျေးရွာများတွင် တပ်စွဲပြီး ဆက်လက် ရှိနေဆဲဖြစ် ကြောင်း ဒေသခံများတို့က ျပြာဆိုကြပါသည်။