Updated on Thu, Sep 30 2021
နေအိမ်တွေကို မီးရှို့တာ တပ်မတော်က မဟုတ်ဟု (၇၇)တပ်မမှု ခြင်းဆိုပြီး Khit Ta Media ကို ဆဲဆိုခြိမ်းခြောက်သွား
KTM စက်တင်ဘာ ၃၀
စစ်ကိုင်း။ မကွေး။ ချင်းပြည်နယ်စသည့်တို့၌ ပြည်သူနေအိမ်များကို စစ်ကောင်စီက မီးရှို့တာမဟု တပ်မ (၇၇) တပ်မမှု ဗိုလ်မှူးကြီး ထွန်းသန်းမှ ငြင်းဆိုပြီး KTM ကို ဆဲဆိုခြိမ်းခြောက်သွားပါသည်။
မြန်မာနိုင်ငံ ပဲခူးတိုင်း ပဲခူးမြို့တွင်တည်ရှိနေသော တောင်ပိုင်းစစ်ဌာန ခြေမြန်တပ်မဌာနချုပ် တပ်မ (၇၇) တပ်မမှု ဗိုလ်မှူးကြီး ထွန်းသန်းသည် " စစ်ကိုင်းတိုင်း မကွေးတိုင်း ချင်းပြည်နယ် စသော ဒေသများမှာ ပြည်သူများနေတဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးတယ်ဆိုတာ ခင်ဗျာတို့မှာ ဘာတွေအထောက်ထားရှိလဲ တဆိတ်ဆိုတပ်မတော်ကိုပဲ စောက်ပြစ်ပြောဖို့ ခင်ဗျာတို့က မီဒီယာနာမည်ခံပြီး တပ်မတော်ကို တိုက်ထုတ်နေတာ ခင်ဗျာတို့ကို ဘယ်သူတွေက ဘယ်လောက်ထိပေးထားသလဲ "ဟု ဆဲဆို ခြိမ်းခြင်းဖြစ်ပါသည်။
ခင်ဗျာတို့က မီဒီယာယောင်ယောင် ဘာယောင်ယောင်နဲ့ စောက်ဆင့်မရှိပဲ စောက်ဓိပ္ပာယ်မရှိတာတွေကိုဖွနေတယ်၊ အဓိက ခင်ဗျာ ခေတ္တဆိုတဲ့ မီဒီယောင်ပဲ ခင်ဗျာတို့ ခေတ္တ တစ်ဖွဲ့လုံးသတိထား၊ ခင်ဗျာတို့ တည်နေရာကို ငါတို့ ခြေရာ ခံပြီးပြီ မကြာခင် ခင်ဗျာတို့ တစ်ဖွဲ့လုံးကို အရေးယူတော့မည် ဟု လည်း ဆဲဆို ခြိမ်းခြောက်သွားပါသေးသည်။
ခင်ဗျာတို့ အားကိုးပါတယ်ဆိုတဲ့ NUG က ဒီနိုင်ငံကို ခြေချရဲလာ ခင်ဗျာတို့ အကြမ်းဖက် PDF တွေကပဲ အိမ်တွေကို မီးရှို့ ပြည်သူတွေကို ဒလံဆိုပြီးသတ်ဖြတ် ပြီးရင် တပ်မတော်က လုပ်တာပါလို့ ခင်ဗျာတို့ မီဒီယောင်တွေက ဖင်ပြဲအောင်အော်နေကြတာ ခင်ဗျာတို့က စောက်ရှက်မရှိလို့ပဲ ဟု ဆဲဆို ခြိမ်းခြောက်လိုက်ပါသေးသည်။
ဟုတ်ကဲပါတပ်မမှု ကျနော်တို့က ဘယ်သူဆီက ဘာထောက်ပံ့ကြေမှ မယူထားပါဘူး NUG ကို အားကိုူလို့လဲမဟုတ်ပါဘူး တပ်မမှူး သိထားဖို့က Khit Ta ဟာ အရှေ့ကိုအရှေ့တိုင်းပဲ သတင်းတွေကို ဆက်လက်ရေးတင်သွားမှာပါ။ ခြေရာခံမိပြီး ဖမ်းဆီခံသွားရင်လဲ အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်းသွားမှာပဲ အဲတာဟာ NUG ကို အားကိုးလို့မဟုတ်ဘူး ခင်ဗျာတို့ အာဏာရူး ခွေးဘီလူးတို့ အုပ်ချုပ်တာကို လက်မခံနိုင်လို့ပဲ။
ကြောက်ပြီး နောက်မဆုတ်ပဲ ဆက်လက် ရပ်တည်သွားမည် ။
ပုံ / Khit Ta Media