Updated on Mon, Sep 13 2021
CIVIL GUERRILLA FORCE (HTY)
လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့
CGF HTY
မဟာမိတ်ဖွဲ့စည်းထားခြင်းအားအသိပေးထုတ်ပြန်ချက်
၁၃၊ ၉ ၂၀၂၁။ ကြေညာချက်အမှတ် ၈/၂၀၂၁
၁။ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖတ်စစ်ကောင်စီမှ မတရားသဖြင့် ပြည်သူလူထုမှအပ်နှင်းသော တိုင်းပြည်အာဏာကို မတရားသိမ်းယူပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေသော လက်နက်မဲ့ ပြည်သူတွေ အပေါ် လက်နက်ကိုင်ပြီး အကြမ်းဖတ်မှု့များကို နေ့စဉ် ပြုလုပ်လျှက်ရှိသည်။ယခုအချိန်တွင်လည်း NUG အစိုးရမှ D Day ခေါ်ယူပြီးနောက်ပိုင်း တော်လှန်ရေးကာလတစ်စနှင့်တစ်စ အရှိန်မြင့်လာသည်နှင့်အမျှ မြေပြင် အဖွဲ့အစည်းအသီးသီး နှင့် လည်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မည်ဟု CGF မူ (၅) ချက် တွင် ပါရှိပါသည်။
၂။ မိမိတို့ CIVIL GUERRILLA FORCE HTY
လှိုင်သာယာပြောက်ကျားတပ်ဖွဲ့ CGF HTY သည်
Yangon အခြေစိုက် Yangon Federal Army (YFA) နှင့် မဟာမိတ်တပ်ဖွဲ့ အဖြစ် ပူးပေါင်းလိုက်သည်။ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖတ် ဖတ်စစ် စစ်တပ်အား တော်လှန်တိုက်ထုတ်ပြီး Federal Democray ရရှိသည့်အချိန်ထိ ရှေ့လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို တကူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
လှိုင်သာယာ ပြည်သူလူထုအား အသိပေးအကြောင်းကြားအပ်ပါသည်။
သတင်းပြန်ကြားရေး