☰
Updates
Services
About
Why Us
Contact
ချမ်းမြသာစည် မြို့ဟောင်းမီးရထားရပ်ကွက်ထဲမှာစစ်ကောင်စီတပ် ကားနဲ့လာပြီး လူငယ်၂ယောက်တို့ကိုရိုက်နှက်ဖမ်းဆီးသွား KTM စက်တင်ဘာ ၅ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြို့ဟောင်းဘူတာနားမီးရထားဝန်ထမ်းရပ်ကွက်ထဲသို့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ စက်တင်ဘာ ၃ ရက်နေက စစ်ကားဖြင့် ဝင်လာပြီး လူငယ်၂ ယောက်ကို PDF နဲ့ အဆက်သွယ်ရှိတယ်ဟုစွပ်စွဲကာ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံများထံမှ ကနဦး သိရပါသည်။ "ဒလန်က PDF နဲ့ အဆက်သွယ်ရှိတယ် PDF သင်တန်းဆင်းဆိုပြီး သတင်းပေးလို့ နာမည်စာရင်း အတိအကျနဲ့ အကြမ်းဖက်လူသတ် စစ်ကောင်စီတွေလာဖမ်းတာပါ" ဟု မြို့ဟောင်း ဒေသခံတစ်ဦးက KTM သို့ ပြောပါသည်။ ပထမပိုင်းကတော့ CDM လုပ်တဲ့ ဝန်ထမ်းတွေကို လာဖမ်းတယ်လို့ အကြမ်းဖက်စစ်ကောင်စီတွေက သတင်းတွေဖြန့်ပြီး လာဖမ်းတာပါ။ တကယ်တန်းကျ တော့ PDF အဆက်သွယ်ကို လာဖမ်းသွားတာ လို့ ပြောပါသည်။ မြို့ဟောင်းဘူတာ ဖားပေါင်းရပ်ကွက်ဖားပေါင်းဓမ္မာရုံအနီးမှာ နေထိုင်တဲ့ ဦးကျော်ဝင်း၏သားမောင်ဖိုးသား အပါအဝင် လူငယ် ၂ ဦးတို့အား အကြမ်းဖက်စစ်ကောင်စီတွေ ရပ်ဝတ်နဲ့ အိမ်စီးကားအဖြူရောင်ဖြင့်လာပြီး အင်အားအလုံးအရင်းဖြင့် ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်တယ်" ဟု ပြောပါသည်။ အပြစ်မဲ့ပြည်သူကို PDF သင်တန်းဆင်းဟု သံသယဖြင့် မတရားစွပ်စွဲ ဖမ်းဆီးသွားတာ။ ဦးကျော်ဝင်းမှာ လက်ရှိ မြန်မာ့ မီးရထား ဝန်ထမ်းဖြစ်ပါတယ် လို့ သိရပါသည်။ လာဖမ်းတုန်းက နယ်မြေခံမီးရထားရဲ နယ်ထိန်းခေါင်းဆောင်တို့လည်း ပါရှိပါတယ်လို့ ဆိုပါသည်။
Services
< Back to Home
Share:
Hello 👋🏼