Updated on Fri, Sep 17 2021
အင်းစိန် ဗဟို အကျဉ်းထောင်ရှေ့နှင့် ခလရ (၁၆) တပ်စွဲထားသည့်နေရာ ဗုံးပေါက်ကွဲ

KTM စက်တင်ဘာ ၁၈

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် ဗဟိုအကျဉ်းထောင်ရှေ့နှင့် ခလရ (၁၆) တပ်စွဲထားသည့် နေရာ နှစ်ခုတွင် စက်တင်ဘာ ၁၇ ရက် ည ၈ နာရီကျော်အချိန်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲတယ်လို့ သိရပါသည်။

အင်းစိန်အကျဉ်းထောင်ရှေ့ ဗုံပေါက်ကွဲပြီးနောက် ၅ မိနစ်အကြာမှာ KTM သို့ ဒေသခံ ပြည်သူများ ကနဦး သတင်းပေခဲချက်အရ သိခဲရပါတယ် သို့သော် လုံခြုရေးအရ သတင်းကို မဖော်ပြခဲပဲ စစ်ကောင်စီများ ဗုံးပေါက်ကွဲပြီးနောက် သွားလာလှုပ်ရှားနေတဲ့ လမ်းကြောင်းတွေကို  ပြည်သူများက သတင်းပေးပို့သည့်အတိုင်း ဆက်တိုက် မရပ်မနား ဖော်ပြပေးနေခဲပါသည်။

" ပထမ နှစ်လုံးက ၈ နာရီစွန်းစွန်းလောက်မှာ ကြားတာ။ နောက် နှစ်လုံးက နာရီဝက်လောက်ခြားတယ်။ အသံတွေကတော့ အကျယ်ကြီးပဲ။ ပထမပေါက် တာက အိမ်တွေတောင် တုန်တယ်" ဟု အင်းစိန်ဒေသခံ အများအပြားက ပြောကြပါသည်။

ပေါက်ကွဲမှု အသေးစိတ်ကိုတော့ မသိရသေးဘူး သွားစုံစမ်းဖို့ကလည်း ညပိုင်းဖြစ်နေတဲ့အတွက် မသွားရဲဘူး လို့ ဒေသခံ တစ်ဦးကပြောပါသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပြီနောက်  စစ်ကောင်စီကားများရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုတွကို အသေးစိတ်ပြုလုပ်ခဲကြတယ်လို့ ဆိုပါသည်။

   
< Back to Home