Updated on Mon, Sep 13 2021
AYA ဘဏ်မှ ငွေသယ်ကား အင်းတကော်မြို့အနီးဓားပြတိုက်ခံရ၍ ကျပ်သိန်းလေးသောင်းကျော်ပါသွား
KTM စက်တင်ဘာ ၁၃
ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည့် ဧရာဝတီဘဏ်၏ ငွေများသယ်လာသည့်ကားကို အင်းတကော်အနီးတွင် ယာဉ်ထိန်းရဲအယောင်ဆောင်၍ ဓားမြတိုက်ခံရတယ်လို့ TheRiverNews တွင် ဖော်ပြချက်အရ သိရပါသည်။
ဒီကနေ့ နေ့လည်ပိုင်းက ဧရာဝတီဘဏ် ငွေသယ်ကားကို ဓားပြတိုက်မှုဖြစ်ပွားခဲ့ရာ အဆိုပါဖြစဉ်အတွင်း ငွေကျပ်သိန်းလေးသောင်းကျော်ပါသွားကြောင်း ဖော်ပြထားပါသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးမှအတည်ပြုထားပြီး ရဲတပ်ဖွဲ့ကလိုက်လံစုံစမ်းနေတယ်ဆိုပါသည်။
မကြာသေးမှီလပိုင်းအတွင်းမှာလည်း ရန်ကုန်မပါအဝင် အခြားပြည်နယ်တိုင်းများတွင်လည်း ဘဏ်ဓားပြတိုက်မှုများဆက်တိုက်ဖြစ်ကာ သိန်း ၁၀၀၀ဝန်းကျင်သာတိုက်ယူမှုအပေါ် ဝေဖန်မှုများမြင့်တက်ခဲ့ပြီး ယခုဓါးပြတိုက်မှုမှာတော့ သိန်းလေးသောင်းကျော်ပါသွားကြောင်းသိရ၍ ဓါးပြတိုက်မှုများအား တစ်မှုမှဖမ်းဆီးရမိခြင်း မရှိသေးကြောင်းသိရှိရပါသည်။