Updated on Tue, Sep 28 2021
ကိုးကန့် (MNDAA) နှင့်စစ်ျကာင်စီတို့ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေ၊ ခြောက်ဦးဒဏ်ရာရ

KTM စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး - သိန္နီ ပြည်ထောင်စုလမ်းပေါ်တွင် စက်တင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကိုးကန့် (MNDAA) အကြားဖစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း ကိုးကန့်သတင်းမီဒီယာက ဖော်ပြချက်အရ သိရပါသည်။

လားရှိုး (ဟိုပိတ်) - သိန္နီ ပြည်ထောင်စုလမ်းမ (၁၁) မိုင်နှင့် (၁၂)မိုင် ကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးထားပါသည်။

တိုက်ပွဲတွင် ကိုးကန့် MNDAA မှ အကျအဆုံးမရှိကြောင်းလည်း ထုတ်ပြန်ထားပါသည်။
< Back to Home